ယုံကြည်ချက် အကျဉ်းသား

ယုံကြည်ချက်တွေ ရင်ထဲထည့်
မျှော်လင့်ချက်အတွက် အသက်ရှင်
လှောင်ရယ်တွေကို အန်တုလို့ပေါ့
ဘေးဘက်ကြည့်တော့ နံရံ
နောက်ဖက်လှည့်တော့ နံရံ
ရှေ့သံတိုင်ကို အားမာန်အပြည့်ကိုင်လို့
ယုံကြည်ရာကို မစွန့်လွှတ်တဲ့
သူရဲကောင်းများ…..

အများမသိ နာမည်ပျောက်လို့
ကိုယ်ကျိုးမငဲ့ ပေးဆပ်ရင်းနဲ့
ဘဝတွေပေး ကျေနပ်နေတာ
အများခေါ်တဲ့ နိုင်ငံရေးအကျဉ်းသား
သူရဲကောင်းတွေပါ…..

Continue reading

တချိန်က ချစ်သူ

အကြင်နာတွေကို မင်းမမြင်
ခံစားချက်တွေကို ဖယ်ထုတ်လို့
မုန်းချင်ရယ်ဟန်ဆောင် လမ်းခွဲဖို့ စတင်ခဲ့တယ်
သံသရာတလျှောက် လက်တွဲဖို့ဆိုတာ
မိုးနဲ့မြေလို ကွာခြားတဲ့ ဒို့နှစ်ယောက်ဘဝ

မင်းရင်ခွင်ကို အချိန်မဲ့
မျှော်လင့်ချက်တွေနဲ့ မထားခဲ့ချင်ခဲ့ဘူး
မင်းနားလည်မှုကို ငါမမျှော်လင့်သလို
ရယူမှုတွေလဲ ငါမလိုချင်ခဲ့ဘူး
အချိန်တန် ကတ္တီပါလမ်းခွဲဖြစ်မှာကို
ကြိုမြင်ရက်သားနဲ့ ငါဆက်မလျှောက်ချင်

မင်းစိတ်ချမ်းသာနေရတာ
မင်းပျော်ရွှင်တာတွေ မြင်နေရတော့
အဝေးကနေ ကျေနပ်နေမဲ့သူဟာ ငါပါ….
ဒါတွေဟာ ငါရဲ့ ပေးဆပ်မှုလဲ မဟုတ်ခဲ့ပါဘူး…..
နှလုံးသားနဲ့ ရင်းပြီး ချစ်ခဲ့ဖူးပါတယ်
အသဲပေါက်မတတ် ခံစားခဲ့ဖူးပါတယ်

Continue reading

ဒီမိုကရေစီ

ဒီမိုကရေစီ ဒီမိုကရေစီတဲ့ ကျနော်တို့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ဒီစကားလုံးလေးက အရမ်းကို ခေတ်စားပါတယ်။ တခါတလေ ကျနော်တို့ သူငယ်ချင်းတွေ စကားလက်ဆုံကျလို့ ပြောဖြစ်ရင် ဒီမိုကရေစီဆိုတဲ့ စကားလုံးဖက် ရောက်ရောက်သွားတတ်ပါတယ်။ ဒါပေမဲ့ အခုထိ ကျနော် ဒီမိုကရေစီဆိုတာ ဘာလဲ ဒီမိုကရေစီရဲ့ အနက်အဓိပ္ပါယ်ကို သေချာနားမလည်သေးပါဘူး။ ကျနော်ရဲ့ ဦးနှောက်ဥာဏ်နဲ့ စဉ်းစားရသလောက်ကတော့ ဒီမိုကရေစီဆိုတာ လူတယောက်ရဲ့ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေကို ပြောဆိုခွင့် အပြည့်အဝရှိတာပါပဲ။တကယ်၍များ ဒီမိုကရေစီကို အပြည့်အဝ ခံစားရတဲ့ အနောက်နိုင်ငံတွေလိုများ ကျနော်တို့ မြန်မာတွေများ ရခဲ့ရင် ဘယ်လိုနေမလဲဆိုတာ စဉ်းစားမိပါတယ်။ ဒီမိုကရေစီတိုးတက်တဲ့ နိုင်ငံတိုင်းမှာ ကောင်းကွက်၊ ဆိုးကွက်ဆိုတာကတော့ ဒွန်တွဲလို့ နေတတ်ပါတယ်။ စီးပွားရေးတွေ တိုးတက်လာမယ်၊ လမ်းပန်းဆက်သွယ်ရေးတွေ အရင်လိုမဟုတ်ပဲ ပိုမိုကောင်းမွန်လာမယ်၊ တောင့်တင်းခိုင်မာတဲ့ ငွေကြေး စနစ်တွေ ရှိလာနိုင်မယ်။ သာမာန်အောက်ခြေ အလုပ်သမားတွေ ဝန်ထမ်းတွေရဲ့ ဝင်ငွေတွေ တိုးလာပြီး မိသားစုစားဝတ်နေရေးတွေ ပြေလည်လာနိုင်မယ် စသည် စသည်ဖြင့်ပေါ့… ဒါတွေက အကောင်းဖက်ကနေ စဉ်းစားပြီးတော့ ဝမ်းသာနေမိတာအဆိုးဖက်ကကော သာမာန်ကြည့်လိုက်ရင်တော့ အဆိုးဖက်က သိပ်မများပါဘူး။ ဒါပေမဲ့ မထိန်းသိမ်းနိုင်ရင်တော့ မြန်မာ့ယဉ်ကျေးမှုဆိုတာကြီးက ပျောက်သွားနိုင်တယ်မလား။ နိုင်ငံရေးမလုပ်နဲ့ အစိုးရမကောင်းကြောင်း မပြောနဲ့ ကျန်တာအကုန်လုပ်လို့ရတယ်ဆိုတဲ့ တိုင်းပြည်ကြီးအောက်မှာ လူငယ်တွေ ပျက်စီးချင်တိုင်း ပျက်စီးနေတာ တွေ့နေ မြင်နေရတယ်။ ယောကျာ်းလေးတွေမို့လို့ ဆိုးသွမ်းကြတယ်ထားပါဦး ခုတော့ မြန်မာမိန်းကလေးတွေလဲ မမြင်ချင်မှအဆုံး အင်တာနက်ပေါ်မှာ ဖြစ်ချင်တာတွေ ဖြစ်နေကြတော့တာပဲ မဟုတ်လား။ ဒါဟာ ရေရှည်တွေးကြည့်ရမဲ့ အချက်တခုပါ။ ဒီလိုပြောလို့ အရင်ခေတ်တုန်းက ရင်ဖုံအင်္ကျီ၊ ချိတ်ထမီနဲ့ နေရမှာလားဆိုပြီး အတွန့်တက်ကြမှာ မြင်ယောင်မိတယ်။ ဆိုလိုတာက ဒီလိုခေတ်ကြီးထဲမှာ အဲ့လောက်ထိနေထိုင်၊ ဝတ်ဆင်စရာလဲ မလိုလှပါဘူး။ ခေတ်နဲ့ အညီဝတ်တတ်ရပါမယ် ခေတ်ကိုကျော်ပြီးတော့ မိမိမရှိ ရှိတာတွေကို ချပြပြီး နာမည်ကျော်ကြားချင်တာတွေကတော့ ရုပ်ဆိုးလွန်းပါတယ်။

 

Continue reading